ဓာတ်ပုံ – MDY PDF

ရွှေဖီမြေ၊ နိုဝင်ဘာ ၂၁ ရက်

မန္တလေး PDF ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာရေးပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ ထိန်းသိမ်းထားကြောင်း မန္တလေး PDF က ဒီနေ့ နိုဝင်ဘာ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မန္တလေး PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဟာ တပ်ရဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းကို တရားမဝင်ထုတ်ယူသုံးစွဲခဲ့ပြီး အဲဘဏ္ဍာရေးပစ္စည်းကို ပြန်လည်အပ်နှံပြီး ပစ်ဒဏ် ချခံဖို့ ပြီးခဲ့တဲ့ သြဂုတ်လ အစည်းအဝေးမှာ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၆ လပတ် တပ်မှူးအစည်းအဝေးမှာ ထပ်လောင်းအတည်ပြုခဲ့ပြီး တော်လှန်ရေးအခြေအနေအရ၊ ၎င်းတို့နှစ်ဦးရဲ့ မေတ္တာရပ်ခံ တင်ပြချက်အရနဲ့ အခြားထောက်ရှုရမည့် အခြေအနေကြောင့် ပြစ်ဒဏ်ကို လက်တွေ့ချမှတ်ခြင်း မပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန် ၎င်းတို့ထုတ်ယူသုံးစွဲခဲ့သော ဘဏ္ဍာရေးပစ္စည်းကို ပြန်ပေးတာမရှိသလို ဘယ်လိုဖြေရှင်းမှုမှပေးခဲ့တာမရှိဘူးလို့ မန္တလေး PDF က ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ၎င်းတို့ ၂ ဦးကို တပ်ရဲ့ လက်ရှိတာဝန်တွေကို ဆိုင်းငံ့ပြီး လက်နက်ဖြုတ်သိမ်းပြီး အချုပ်ထဲမှာ ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၎င်းတို့နှစ်ဦးဟာ မန္တလေး PDF ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့ သတင်းပို့တင်ပြထားပြီလို့ ဆိုပါတယ်။

မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီး တို့နှစ်ဦးဟာ တပ်ပိုင်ဘဏ္ဍာရေးပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ ထိန်းသိမ်းထားကြောင်းလို့သာ ဖော်ပြထားပြီး ပစ်မှုအတိအကျကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

အခုလိုကာလမှာ လူထုတွေကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ ပေါ်ပေါက်စေမှုအတွက် တောင်းပန်ကြောင်း မန္တလေး PDF က မေတ္တာရပ်ခံထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။