ဓာတ်ပုံ – CMD

ရွှေဖီမြေ၊ နိုဝင်ဘာ ၁၉ ရက်

ချင်းပြည်နယ် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းမိခဲ့တယ်လို့ ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြားမှာ စစ်ကြောင်းတစ်ကြောင်းခွဲပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဒရုန်းကို အားပြုပြီး တိုက်ခိုက်နေပေမယ့် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အရေအတွက်အတိအကျကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

တိုက်ပွဲမှာ မိတ်ဖက် Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF)၊ PDF ခရိုင်တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)တွေနဲ့ Yaw Defense Force (YDF)၊ Chin National Defense Force (CNDF) ၊ PDF Zoland စတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။