ဓာတ်ပုံ – CJ

ယာရူစိင်၊ နိုဝင်ဘာ ၁၉ ရက်၊ ဖားကန့်

ကချင်ပြည် ဖားကန့်မြို့က ကျောက်လုပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ဖားကန့်မြို့ မရှီကထောင်အုပ်စု ကျန်ဂတ်မှော်ရှိ ကျောက်လုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“တစ်ဦးတော့ ပေါင်ထိသွားတယ်။ အဲကျင်းက စားဝတ်နေရေးအတွက် ခက်ခဲတဲ့သူတွေက လာတူးကြတာ များတယ်။ ကိုယ်ထူကိုယ်ထ တူးကြတာပါ။ အဲလိုပဲ ရှာဖွေစားသောက်နေကြရတာပါ” လို့ အဆိုပါမြို့ခံက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတို့ ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၃၆ မိနစ်မှာလည်း စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် လုံးခင်းအုပ်စု ဖဝါကျေးရွာက မူကြိုကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမ ၁ ဦးနဲ့ ၄ နှစ်အရွယ် မူကြိုကလေး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ်ရှိနေပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေတယ် သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။