ပို့လဘား၊ နိုဝင်ဘာ ၁၉ ရက်၊ နမ့်ခမ်း
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ ဟိုဆိုင်းရပ်ကွက်ရှိ ရေချောင်းတစ်ခုမှာ အမျိုးသားတစ်ဦးက ရေနစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက် ညနေ ၃ နာရီဝန်းကျင်မှာ အဆိုပါအမျိုးသားက ဟိုဆိုင်းချောင်းထဲ ရေဆင်းကူးရာကနေ ရေထဲပါသွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကြားတာတော့ သူ့သူငယ်ချင်းတွေနဲ့ ရေဆင်းကူးတာ။ ဘယ်လိုကနေဘယ်လို ရေနစ်သွားလည်းတော့ မသိဘူး။ အလောင်းက မတွေ့သေးဘူး။ အလောင်းက ဒီချိန် မပေါ်သေးဘူးလေ။ နှစ်ရက် သုံးရက်လောက်မှာ အလောင်းပေါ်လာတာ”
ရေနစ်သေဆုံးသွားတဲ့ အဆိုပါအမျိုးသားဟာ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ကျေးရွာမှာ နေထိုင်တဲ့ ညီအောင်ဖိုးဆိုသူဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်မှာလည်း ဟိုဆိုင်းရေချောင်းထဲမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။