ယာရူစိင်၊ နိုဝင်ဘာ ၁၅ ရက်၊ ရသေ့တောင်
ရခိုင်ပြည် ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ရသေ့တောင်မြို့နယ် ဘထလေကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခဲ့ပါတယ်။
“အဲရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးတာမျိုးလည်း မရှိပါဘူး။ သေတာလည်း ဒေသခံတွေပဲ။ လက်ရှိအချိန်ထိ ၁ ဦးပျောက်နေတယ်။ ရှာမတွေ့သေးဘူး”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ည ၈ နာရီဝန်းကျင်မှာလည်း မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။