ရွှေဖီမြေ၊ နိုဝင်ဘာ ၁၂ ရက်၊ မြိတ်
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ မြိတ်-ထားဝယ်ခရိုင် ထားဝယ်ခီးရွာမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ထားဝယ်ခီးကျေးရွာအုပ်စုထဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အင့်သင့်ထာမှာ အလုပ် လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း မူးမြို့နယ် မန်ကျည်းကုန်းရွာအတွင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်တပ်ဟာ KNU ထိန်းချုပ်ဒေသတွေမှာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ စီစဉ်နေပြီး KNU နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသအတွင်းမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကို အဆက်မပြတ် ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။