ဓာတ်ပုံ- မိုးမိတ်ခရိုင် ပကဖ

မိုင်းရူပ၊ နိုဝင်ဘာ ၁၁ ရက်၊ မိုးမိတ်

တအာင်းတပ်မတော်- PSLF/TNLA က စစ်ကောင်စီကို ပြန်ပေးမယ့် ရှမ်းမြောက် မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိ မိုးမိတ်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ ဘယ်လိုအခက်အခဲ ရှိစေကာမူ လူထုတွေနဲ့ တစ်သားတည်း ရှိနေပြီး မြို့ကိုလည်း စစ်ကောင်စီလက်အောက် မရောက်အောင် မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မိုးမိတ်မြို့မှာ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး PSLF/TNLA ဘက်က အုပ်ချုပ်ရေးလုပ်ငန်း ဆက်လက် လည်ပတ်နေတယ်လို့ မိုးမိတ်မြို့တွင်းမှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကြောက်တဲ့သူတော့ ရှောင်ကြပြီ။ မြို့ထဲမှာ ကျန်တဲ့သူတွေတော့ ကျန်တယ်။ နိုဝင်ဘာ ၂၅ ရက်ဆို TNLA ဘက်က မြို့ကနေ ဆုတ်မယ်ကြားတယ်”

မိုးမိတ်မြို့နယ်မှာ TNLA အပြင် ကချင်တပ်မတော်- KIA၊ ရှမ်းတပ်- SSPP၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံတပ်တွေ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ် အပစ်ရပ်ဖို့ သဘောတူပြီးနောက် တအာင်းတပ်က ၎င်းတို့ ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးရမှာပါ။

မိုးကုတ်နဲ့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်တွေကတော့ အဲဒီမြို့ ၂ ခုကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။