ရွှေဖီမြေ၊ ဇန်နဝါရီ ၁၄ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အရာတော်မြို့ဘက် စစ်အင်အားဖြည့်ဖို့ သွားတဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် မနက် ၁၀ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၇ ဦးကို အရှင်ဖမ်းမိပြီး ကား ၅ စီးနဲ့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀၊ 5.56 ကျည် ၄ ထောင်တောင့်၊ 7.62 ကျည် ၅ ထောင်တောင့်၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 ၂ လက်၊ MA4 ၁ လက်၊ Uzi ၁ လက်၊ ၄၀ မမ ၃ လုံး၊ ကျောပိုးအိတ် ၅ လုံး၊ Uniform ၂ စုံနဲ့အတူ အခြားဆက်စပ်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း မုံရွာမြို့နယ် ကျောက်စစ်ပုံ အမြှောက်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံး ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းကနေလည်း စစ်‌ေကြာင်းထိုး တိုက်ခိုက်ခဲ့တာကြောင့် မုံရွာခရိုင်အမှတ်(၂၄) တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် အုတ်ကြိုးခေါ် သန်းထိုက်ဦးကို မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်း Monywa Ranger Group/Truth Army က ဖက်ဒရယ်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု ပေးသွားမှာဖြစ်ပြီး ကျန်ရစ်တဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်းနဲ့အတူ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး- BLDF၊ မုံရွာခရိုင် ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊ ၂၆၊ ၂၁)တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း (၂၀၊ ၂၂၊ ၁၈၊ ၂၇)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် ပကဖ တိုက်နယ် အမှတ် (၁၀၊ ၁၁)၊ မုံရွာမြို့နယ် ပကဖ တိုက်နယ်အမှတ် ၂၊ အရာတော်မြို့နယ် ပလဖ၊ Golden Eagle Force၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။