ရွှေဖီမြေ၊ နိုဝင်ဘာ ၇ ရက်၊ ဖြူး
ပဲခူးတိုင်း ဖြူးမြို့နယ်ထဲ ဗုံးလာကြဲတဲ့ Gyrocopter ၂ စီးထဲကတစ်စီး ပြုတ်ကျပြီး စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၁ နာရီခွဲမှာ Gyrocopter ၂ စီးနဲ့ ဖြူးမြို့နယ် မန်းကျီးတောင်ကုန်းရွာကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်ကျည်းတောင်ကုန်းရွာက အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် သေဆုံးခဲ့တဲ့အပြင် နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ပါတယ်။
မုန်းမြို့အခြေစိုက် ခမရ ၅၉၀ ကလည်း မန်းကျဉ်းတောင်ကုန်းရွာကို မနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အသေခံဒရုန်းနဲ့ ၁၂၀ မမ ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆက်လက်ဘဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း ပဲခူးတိုင်း လက်ပံတန်းနဲ့ ၅ မိုင် ကွာဝေးတဲ့ သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။