လွေးဇွန်မိုး၊ နိုဝင်ဘာ ၆ ရက်၊ ပုလော

ပစ္စတိုသေနတ်အတုနဲ့ လူထုတွေကို ငွေညစ်ခြိမ်းခြောက်နေတဲ့ တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ ၎င်းရဲ့တပည့်ဖြစ်သူ ပြည်သူ့စစ်မှုထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်က ပုလောမြို့ ကျောက်စုဂိတ်အနီးမှာ ၎င်းတို့ ၂ ဦးကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက မနေ့ နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံက “လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်း လူသစ်စုဆောင်းတယ်။ အကယ်၍ စစ်မှုထမ်းစာရင်း ပါနေတယ်ဆိုရင် မပါအောင် သူလုပ်ပေးမယ်။ ငွေဘယ်လောက် ပေးဆိုတာမျိုး တောင်းခံတာ ရှိတယ်။ အရပ်သားတွေ စစ်ကောင်စီဂိတ်ကို ဖြတ်သန်း ပစ္စည်းသယ်တဲ့အခါ သယ်မယ့်စာရင်း ကြိုပေးရတာ ရှိတယ်။ အကယ်၍ စာရင်း မကိုက်ညီတဲ့အခါ အကုန်သိမ်းဆည်းတာမျိုးတွေ လုပ်လေ့ရှိတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ AK-47 ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည် ၇ တောင့်၊ ကလေးကစားစရာ ပစ္စတို ၁ လက်၊ ကလေးကစားစရာ လက်ပစ်ဗုံး ၂ လုံးနဲ့ Vivo ဖုန်းအစုတ် ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး စိုးဝေဟာ လူထုတွေကို လက်နက်အတုနဲ့ ငွေညှစ်ခြိမ်းခြောက်တာ၊ စစ်မှုထမ်း အတင်းအကြပ် စုဆောင်းတာ၊ အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေပြီး မပြုလုပ်ဖို့ တော်လှန်ရေးတပ်ဘက်က အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် ပစ်ခတ်ခဲ့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။