ဓာတ်ပုံ- Local

မြတ်နိုး၊ နိုဝင်ဘာ ၃ ရက်၊ နမ့်ဖတ်ကာ

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မနောင်ယန် ရပ်ကွက် ၅ မှာ မနေ့ နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ရာကနေ ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သူတို့ဟာသူတို့ စစ်ကျန်လက်နက်ကျည် ဖြုတ်ကြရာက ပေါက်ကွဲသွားလို့ ဆုံးသွားတာ။ ခေါင်းပိုင်း၊ မျက်နှာတွေ ထိထားတာကို ကြည့်ရရင် နှစ်ယောက်သား ခေါင်းငုံ့ပြီး ဖြုတ်ကြည့်နေကြချိန် ပေါက်ကွဲလာပုံပဲ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးဟာ နမ့်ဖတ်ကာဒေသခံဖြစ်ပြီး တစ်ဦးက မနောင်ယန်မှာ နေထိုင်သူဖြစ်ပြီး နောက်တစ်ဦးက မန်မောဝ်မှာ နေထိုင်သူ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကောက်လာတာ နှစ်ယောက်သား ဖြုတ်ကြည့်ကြတာ ပေါက်ကွဲသွားတာလို့ ပြောတယ်။ အရက်လည်း သောက်ထားကြတယ်လို့ပြောတယ်” ဆိုပြီး နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလက်နက်ကျည်ဟာ တိုက်ပွဲ ဖြစ်ပွားတုန်းက မပေါက်ကွဲသေးတဲ့ စစ်ကျန် ၆၀ မမ လက်နက်ကြီးကျည်ဟောင်းလို့ သိရပြီး အထဲက ယမ်း ထုတ်ယူဖို့ ကြိုးစားရာမှာ ပေါက်ကွဲသွားတာလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း နမ့်ဖတ်ကာ ပန်ခါးရွာက အမျိုးသားနှစ်ဦး မပေါက်ကွဲသေးတဲ့ စစ်ကျန် ၆၀ မမ ကျည်ထဲက ယမ်းမှုန့်တွေ ထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး သေဆုံးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။