ဓာတ်ပုံ- Local

ရွှေဖီမြေ၊ နိုဝင်ဘာ ၁ ရက်

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရ ရရှိခဲ့ကြောင်း တအာင်းတပ်မတော်က ဒီနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

သေဆုံးသူတွေထဲ သံဃာတော် ၂ ပါး၊ ကလေး ၁၀ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူတွေထဲ သံဃာတော် ၆ ပါး၊ ကလေး ၂၆ ဦး၊ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ် ၁၇၅ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူးရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီးလည်း ဗုံးစထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ပျက်စီးမှုတွေဟာ ရှမ်းမြောက် ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်နဲ့ တအာင်းတပ်မတော်တို့အကြား အောက်တိုဘာလကုန်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၈ နဲ့ ၂၉ ရက်က တရုတ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။