ဓာတ်ပုံ – CJ

ယာရူစိင်၊ အောက်တိုဘာ ၃၁ ရက်၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာထဲကို စစ်တပ်က ပေါင် ၃၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သေတဲ့ထဲက ကလေးလည်း ပါဝင်တယ်။ ဒဏ်ရာသူထဲမှာလည်း ဒဏ်ရာပြင်းထန်တဲ့ သူတွေပါဝင်တယ်။ ပန်းနီလာကျေးရွာ စာသင်ကျောင်းရှေ့မှာကျတာ။ Y12 နဲ့ လာချတာ။ ၁၁ နာရီ ၃၅ မိနစ် ၄ လုံး ပုဏ္ဏားကျွန်းမြို့ပေါ်ကို ကြဲသွားတာ။ ၁၁ နာရီ ၃၇ မိနစ်အချိန်ကျ ပန်းနီလာကျေးရွာဘက်ကို ၂ လုံးပြန်ချလိုက်တာ”လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အလားတူ မနေ့က နေလယ်မှာလည်း ပုဏ္ဏားကျွန်းမြို့ပေါ်ကိုလည်း စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံးသီး ၈ လုံးထက်မနည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

မနေ့ အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။