ပုံစာ- ကျောက်မဲ မြို့သိမ်းတိုက်ပွဲတုန်းက မှတ်တမ်းပုံဟောင်း

မိုင်းရူပ၊ ဇန်နဝါရီ ၁၃ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ တိုးဂိတ်အနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း ကျောက်မဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုးဂိတ်ဝန်းကျင်မှာ လာကြဲတာ။ တိုးဂိတ်အပေါ်က နတ်ရေကန် ဘုန်းကြီးကျောင်း ရှိတယ်”

တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီး စစ်တပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်မယ်လို့ TNLA က မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ ထုတ်ပြန်ပြီး တစ်ရက်အကြာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို Y-12 လေယာဉ်နဲ့ ဗုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။