ရွှေဖီမြေ၊ အောက်တိုဘာ ၂၉ ရက်
ရှမ်း – မန်း စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို အားခွန်သွန်စိုက် ဆက်လက်ကာကွယ်သွားမယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF က ထုတ်ပြန်ခဲ့ပါတယ်။
MDY PDFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌနာရဲ့ အမိန့်ပေရကွက်ကဲမှုအောက်မှာ တည်ရှိနေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၄ ဇွန်လက စတင်ခဲ့တဲ့ ရှမ်း – မန်းစစ်ဆင်ရေးအတွင်းမှာ MDY – PDF က မန္တလေးမြို့အစွန်းအဖြားမှာရှိတဲ့ သပိတ်ကျင်း၊စဉ့်ကူးနဲ့ မတ္တရာစတဲ့ နယ်မြေအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
TNLA က တရုတ်ဖိအားကြုံတွေ့လာရတာကြောင့် ဇူလိုင်လမှာ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့သလို MDY PDF ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့တွင်းကိုလည်း စစ်ကောင်စီတပ်က ရှေ့ဆင့်နောက်ဆင့် ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
ဒီလ အောက်တိုဘာမှာ ပြုလုပ်တဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဆွေးနွေးပွဲမှာ TNLA က ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြည်လည်လက်လွှတ်ရမယ်လို့် သဘောတူညီခဲ့ပါတယ်။
TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်အခတ်ရပ်စဲမှာဖြစ်တာကြောင့် MDY PDF အပေါ် စစ်ရေးရိုက်ခက်မှု ကြုံလာရနိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုကြပါတယ်။
ဒါကြောင့် MDY PDF အနေနဲ့ ဘယ်လိုအခက်အခဲကိုမဆို တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို ကိုယ်စွမ်းရှိသမျှ ဆက်လက်ခုခံတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။