ဓာတ်ပုံ – KNU

ပို့လဘား၊ အောက်တိုဘာ ၂၉ ရက်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်ခရိုင်နဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာ သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ တပ်ရင်း (၄၀၃)၊ (၄၀၄) နဲ့ (၄၀၅) တို့က ပူးပေါင်းပြီး စစ်ကြောင်းထိုးကာ ‎တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လဘကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၄၂) လုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စစ်တပ်ဘက်က စစ်ကြောင်းထိုးလာပြီးတော့ မီးရှို့ခဲ့တာ။ သူတို့ စစ်ကြောင်းထိုးလာပြီဆို ရွာသားတွေက အကုန်ထွက်ပြေးကုန်ကြပြီ။ မနေရဲတော့ဘူး။ အဲမှာက သူတို့တပ်တွေ မထိုင်နိုင်ဘူးလေ။ ဝင်လာရင် မီရှို့ဖျက်ဆီးပြီး ပြန်သွားကြတာ များတယ်။ သူတို့ပြန်တဲ့ချိန်မှ ရွာသားတွေက နေရပ်ပြန်လာကြတယ်။ အဲနေ့က သူတို့အဲရွာမှာ စခန်းမထိုင်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ကျနော်တို့တပ်ကလည်း အဲမှာရှိနေတာဆိုတော့ သူတို့ပြန်ဆုတ်သွားကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း မုန်းမြို့နယ်က ကွင်းဒလကြီးကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသခံတွေရဲ့ နေအိမ် (၇၂) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နေပြီး KNU နဲ့ တော်လှန်ရေးတပ်တွေ ထိန်ချုပ်ထားတဲ့ ဒေသအတွင်းမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ်ကျူးလွန်နေတယ်လို့လည်း ဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။