ဓာတ်ပုံ – Local

မိုင်းရူပ၊ အောက်တိုဘာ ၂၈ ရက်၊ သပိတ်ကျင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဇရပ်ကွင်းကျေးရွာထဲကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

“လေယာဉ်နဲ့ ၄ ကြိမ် လာကြဲသွားတယ်။ အဲတာတော့ အထိအခိုက်တော့ မရှိဘူး။ ရွာထဲကျတော့ နေအိမ်တွေတော့ ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဇရပ်ကွင်းကျေးရွာထဲ ဒရုန်းဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲကို ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာ တွေ့ရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ဖော့တော့လမ်းဆုံအထိ ရောက်ရှိနေပြီး မိုးကုတ်ဘက် ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။