ဓာတ်ပုံ – Local

အိုက်ပွီး၊ အောက်တိုဘာ ၂၇ ရက်၊ တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းကနေ နှစ်ရက်ဆက်တိုက် တပ်အင်အားတွေဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့ ခလရဘ၂၆၉ တပ်ရင်းကို စစ်ကောင်စီက မနေ့ အောက်တိုဘာ ၂၆ ရက်နေ့၊ နေ့လယ်က လေယာဥ်တစ်စီးနဲ့ ၅ ကြိမ်ခန့် တပ်အင်အားဖြည့်တင်းသွားတာ ဖြစ်ပါတယ်။

“ကလေးမြို့ကနေ MI 17 လေယာဥ်တစ်စီးနဲ့ မနေ့က ၅ ကြိမ်လောက် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းကုန်း အင်အားဖြည့်သွားပါတယ်”လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မနက်မှာလည်း ကလေးမြို့ကနေ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းကို ထပ်မံ အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“တီးတိန်မှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဒီနေ့လည်း လေကြောင်းကနေ လေယာဥ် ၅ကြိမ်လောက် လာပြီး အင်အားဖြည့်တင်းသွားပါတယ်။ မြို့ထဲမှာက ဘာမှ ထူးခြားတာ မရှိသေးဘူး။ ပုံမှန်ပါပဲ။” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် တီးတိန်မြို့နယ် CDF CDM -Syin ထိန်းချုပ်ထားတဲ့ ကလေး – တီးတိန် ကားလမ်းကိုလည်း ဒီနေ့ အောက်တိုဘာ ၂၇ ရက်မနက် ကလေးမြို့ကနေ မြေပြင်က အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကလေး-တီးတိန်ကားလမ်းကို ယာယီပိတ်ထားတယ်လို့ CDF CDM – Syin က ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့ဟာ ချင်းပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နှစ်ခုအနက် တစ်မြို့ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။