ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၇ ရက်၊ မိုးမိတ်

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ ‌မိုးမိတ်မြို့နယ်က အောက်မကျီးရွာနဲ့ မြစ်ဆုံရွာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးသုံးပြီး ပေါင် ၅၀၀ တစ်လုံးနဲ့ ပေါင် ၂၅၀ တစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အလားတူ ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၁ဝ နာရီကျော်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်သိရှိသူ တစ်ဦးက “ခုနတုန်းက လာကြဲသွားတယ်။ မြစ်ဆုံရွာမှာလည်း ချသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ အဲရွာမှာဘက်မှာ တိုက်ပွဲလည်းဖြစ်တာ မရှိဘူး။ အောက်မကျီးဘက်လည်း ကြဲသွားတယ်” လို့ ပြောပါတယ်။

လေယာဉ်နဲ့ လာရောက် ပစ်လိုက်တဲ့ ဗုံးကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် မိုးမိတ်မြို့နယ် အောက်မကျီးရွာက နေအိမ် ၁ လုံးနဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက နေအိမ် ၁ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။