ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၆ ရက်၊ ကွတ်ခိုင်

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာအုပ်စု လွယ်အွန်ရွာက ကလေးတစ်ဦးကို ကိုးကန့်တပ် MNDAA တပ်ဘက်က ဖမ်းဆီးပြီးနောက် နှိပ်စက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်တုန်းက MNDAA တပ်တွေနေတဲ့ ရပ်ကွက် ၄ ဘက်မှာ အဝင်အထွက်လုပ်လို့ဆိုပြီး အဲဒီကလေးကို ဖမ်းဆီး‌ထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက် အောက်တိုဘာ ၁၀ ရက်မှာ အဲဒီကလေးကို ဆေးခန်းတစ်ခုမှာ ဆေးကုသဖို့အတွက် ပို့ဆောင်ထားခဲ့ပေမယ့် အဲဒီကလေးက သေဆုံးသွားခဲ့ပါတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရပြီး သေဆုံးသွားတဲ့ကလေးဟာ အသက် ၁၄ နှစ်အရွယ် မိုင်းအတုံ ဆိုသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “သူတို့နေတဲ့နေရာတွေ ဝင်ဝင်ထွက်ထွက်လုပ်လို့ဆိုပြီး ဖမ်းသွားတာ။ ဖမ်းပြီး နောက် ၅ ရက်မှ သေသွား။ ဘာကြောင့်သေတယ်ဆိုတာတော့ မသိဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေဘဲ။ သူမသေခင် ကိုးကန့်တွေ ဆေးခန်းခေါ်လာပြတယ်။ ကုမရတော့ သေသွားတာထင်တယ်။ သူတို့ဘဲ အဲကလေးကို သွားမြှုပ်တာ။ အဲကလေးက မိဘမရှိတော့ဘူးလို့ကြားတယ်။ ဆွေမျိုးတွေနဲ့ဘဲနေတယ်တဲ့။ သူသေတာတောင် သူ့ဆွေမျိုးတွေ မသိသေးဘူး။ ကိုးကန့်တွေလည်း ‌မပြောပြဘူး။ နောက်မှ သူများပြောပြမှ သူ့ဆွေမျိုးတွေ သိရတာ” လို့ ပြောပါတယ်။

အဲဒီကလေး သေဆုံးသွားတဲ့ ဖြစ်စဉ် အချက်အလက် အတိအကျကိုတော့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို သက်ဆိုင်ရာ ဆွေမျိုးတွေကိုလည်း ကိုးကန့်တပ်ဘက်က တစုံတရာဖြေရှင်းချက် လာပေးတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုထဲက အမျိုးသား ၂ ဦးကို သူခိုးလို့စွပ်စွဲပြီး MNDAAတပ်က ဖမ်းဆီးသွားတာ ၁ လကျော်ကြာတဲ့အထိ ဖမ်းထားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။