ဓာတ်ပုံ – CJ

အိုက်ပွီး၊ အောက်တိုဘာ ၂၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ နေအိမ်သို့ ရိက္ခာသွားယူတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာက အသက် (၄၀) အရွယ် ဦးကပ်ရှန်းမုန်ဖြစ်ပါတယ်။

ဦးကပ်ရှန်းမုန်နဲ့အတူ အမျိုးသားတစ်ဦးတို့ဟာ မနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ၎င်းတို့ စစ်ဘေးရှောင်ရာ အောင်ရွာကနေ ပြည်တော်သာကျေးရွာက နေအိမ်ကို ရိက္ခာသွားယူရာမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံရတာဖြစ်ပါတယ်။

“စစ်ဘေးရှောင်တုန်းက ပါလာတဲ့ ရိက္ခာတွေလည်း ကုန်သွားလို့ ရွာမှာသွားယူတာ။ စစ်ကောင်စီ စစ်ကြောင်းကလည်း မရှိတော့ဘူး ထင်လို့သွားကြတာ။ အဲမှာအပစ်ခံရပြီး ပွဲချင်း ဆုံးသွားတယ်။ နောက်ထပ်အမျိုးသားတစ်ယောက်ကလည်း ခြေထောက်မှာ ဒဏ်ရာရတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာကြောင်း ပြည်တော်သာကျေးရွာအပါဝင် ပြည်သူတွေ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီ လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒိုးနွယ်ရွာနဲ့ ကျော်ရွာမှာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တစ်သောင်းကျော် အရေးပေါ် စားဝတ်နေရေး ရိက္ခာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မူလည်း အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။