လွေးဇွန်မိုး၊ အောက်တိုဘာ ၂၄ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ မြေစာပုံပြိုကျတာကြောင့် အမျိုးသား ၂ ဦး မြေပိသေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာလ ၂၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ နမ့်မှော်ကျေးရွာ ရပ်ကွက်(၄) ရှိ ပအို့မြေစာပုံဟောင်း လုပ်ကွက်တစ်ခု ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး မြေပိသေဆုံးခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မျက်မြင်တစ်ဦးမှ ပေးပို့တာပါ။ သတင်းတော့ မှန်ပါတယ်။ မြေစာပုံအဟောင်းပါ” လို့ ဆိပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား ၂ ​ဦးရဲ့ ရုပ်အလောင်းကိုတော့ ပြန်လည်ရှာတွေ့ခဲ့ပြီလို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက် မနက် ၉ နာရီခွဲကျော်မှာလည်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအနီးမှာရှိတဲ့ စိန်စိန်နဲ့ ဂျတ်ပါဝါကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းအတွင်း မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးထက်မနည်း မြေစာပြိုကျမှုနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာအနီးက ရတနာအဓိပတိ ကျောက်လုပ်ကွက် မြေစာပုံနွံကန် ပွင့်ထွက်မှုကြောင့် သေဆုံးသူ ၃၀ ကျော် ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။