လွေးဇွန်မိုး၊ အောက်တိုဘာ ၂၃ ရက်

ပြည်သူလူထုတွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ် ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ အောက်တိုဘာလ ၂၃ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဓနုဒေသအပါအဝင် နိုင်ငံတစ်ဝှမ်းက အရပ်သားနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးတာ၊ လူထုတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်တာ၊ လူထုတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ​လူထုတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာလို့ ဆိုပါတယ်။

DPLA ရဲ့ ဥက္ကဌဖြစ်သူ ကိုထွန်းနိုင်က “ကျနော်တို့ ဒေသမှာတော့ P သုံးလုံးပါတီ (PPP) နည်းနည်းလေး လှုပ်ရှားမှုရှိတယ်။ ပြီးရင် ကြံ့ဖွတ်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဓနုဒေသမှာတော့ အခုချိန်ထိ ဘယ်သူဘယ်ဝါ ဘယ်တစ်ယောက်ဆိုတာကို ကိုယ်စားလှယ်အနေနဲ့ ထုတ်ပြောတာတို့ ဖော်ပြတာတို့ ကြေညာချက်ထုတ်တာတို့ မလုပ်ရဲဘူးဗျ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “ဒီရွေးကောက်ပွဲကို ဒေသမှာရှိတဲ့ လူထုတွေရော တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုတွေရော တူတူပါပဲ။ ဒီရွေးကောက်ပွဲကို စိတ်ဝင်မစားဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့အပိုင်းတော့ ရှိတယ်။ သရော်တဲ့အပိုင်းပေါ့။ ဟာသအမြင်ပဲမြင်တဲ့ အပိုင်းပေါ့။ တကယ်တော့ ဒီအာဏာသိမ်းထားတဲ့အချိန်မှာ အရေးပေါ်ကာလမှာ ရွေးကောက်ပွဲလုပ်တာဆိုတာ ရူးတာပဲလေ။ ရူးတာထက်ကို ဆိုးတယ်။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ဘယ်သူ့မှလည်း လက်ခံမှာမဟုတ်ဘူး။ တရားလည်း ဝင်မှာမဟုတ်ဘူး။ ဝင်စရာအကြောင်းလည်း မရှိဘူး။ ဒါနိုင်ငံတကာကလည်း ဘယ်လိုပဲပြောပြော တရားဝင်မှုလက်ခံမှာ မဟုတ်ဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။

DPLA အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း ဓနုလူမျိုးတွေရဲ့ ကိုယ်စားပြုအနေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာအင်အားစုတွေနဲ့ စစ်ရေး၊ နိုင်ငံရေး အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူထုတွေအနေနဲ့လည်း စစ်အုပ်စုအကျိုးစီးပွားနဲ့ စစ်အုပ်စုအာဏာတည်မြဲအောင် အဆိပ်ပင်ရေလောင်းသလိုမဖြစ်အောင် စစ်ကောင်စီတပ်ပြုလုပ်မဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေထဲမှာ ရှမ်းပြည်နယ်ထဲမှာ ၁၂ မြို့၊ ရခိုင်ပြည်နယ် ၃ မြို့၊ ကရင်ပြည်နယ် ၃ မြို့၊ ကရင်နီပြည်နယ် ၂ မြို့၊ မွန်ပြည်နယ် ၅ မြို့နဲ့ ချင်းပြည်နယ် ၂ မြို့ ပါဝင်ပါတယ်။

တိုင်းဒေသကြီးထဲမှာတော့ ရန်ကုန်တိုင်းမှာ ၁၂ မြို့၊ တနင်္သာရီတိုင်း ၄ မြို့၊ စစ်ကိုင်းတိုင်း ၁၂ မြို့၊ ပဲခူးတိုင်း ၈ မြို့၊ မကွေးတိုင်း ၉ မြို့၊ မန္တလေးတိုင်း ၈ မြို့၊ ဧရာဝတီတိုင်း ၈ မြို့နဲ့ နေပြည်တော် ၈ မြို့နယ်ပါဝင်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။