ဓာတ်ပုံ- DPLA

အင်းငယ်၊ ဇန်နဝါရီ ၁၂ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ဇန်နဝါရီ ၁၀ ရက် ၁၁ ရက် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကျောက်ဂူဒေသမှာ ဒီဇင်ဘာ ၉ ရက်ကနေ ဒီနေ့ ဇန်ဝါရီ ၁၂ ရက်အထိ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ဘက်က အရေးနိမ့်တာကြောင့် လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုလာတာ ဖြစ်ပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က “လက်နက်ကြီး လေယာဉ်တွေ ပစ်ခံရတာကတော့ အများဆုံးက ဒီကျောက်ဂူဒေသတစ်ဝိုက်က ကျေးရွာတွေ ဖြစ်မယ်။ ကျောက်ဂူ၊ ပယင်းကုန်း၊ ထမင်းပေါင်းတို့ပေါ့။ အားလုံးဆို ၄ ထောင်နီးပါး (စစ်ရှောင်)လောက် ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က ကျောက်ဂူဒေသအခြေစိုက် အမြှောက်တပ်ရင်း (အမတ ၃၄၉)ကနေ ပစ်ခတ်နေပြီး မြေပြင်အခြေအနေ ရှုပ်ထွေးနေဆဲ ဖြစ်တာကြောင့် ထိခိုက်မှု သိရှိနိုင်ဖို့အတွက် ရွှေဖီမြေ သတင်းဌာနအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“ကျနော်တို့လည်း ဒဏ်ရာရရှိမှု ထိခိုက်မှုတွေတော့ အနည်းငယ် ရှိတယ်ဗျာ့။ စစ်ကောင်စီကတော့ သိရသလောက်ဆိုရင်တော့ ဒီဇင်ဘာ ၉ ရက်နေ့ စဖြစ်ကတည်းကဆိုရင်တော့ ၆၀ ဝန်းကျင် ကျဆုံးမှု ရှိတယ်” လို့ ကိုအမောင်က ဆက်ပြောပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံမှာ ကုသပေးနေပြီး ပအိုဝ်းပြည်သူ့စစ်- PNA နဲ့ ရှမ်းပြည်တပ်မတော်- RCSS/SSA ကလည်း စစ်တပ် ယူနီဖောင်း ပြောင်းဝတ်ပြီး အင်အား ဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ဇန်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အမတ ၃၄၉ အပါအဝင် တောင်ထိပ်နဲ့ အင်တောရွာကြားက စစ်စခန်းကို DPLA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က တုန့်ပြန်တဲ့အနေနဲ့ လက်နက်ကြီး၊ လေကြောင်း အသုံးပြုလာတာလို့လည်း မြေပြင်သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

လက်ရှိ အခြေနေအရ စစ်တပ်က အင်အားနေ့စဉ် ဖြည့်တင်းနေပြီး လက်နက်ကြီးနဲ့ လေကြောင်း နောက်ထပ် အသုံးပြုလာနိုင်တာကြောင့် တိမ်းရှောင်နေသူတွေအနေနဲ့ နေရပ်သို့ မပြန်လာကြသေးဖို့၊ လက်ရှိ နေထိုင်နေသူတွေလည်း ဘေးလွတ်ရာ အမြန်ဆုံး ရှောင်ကြဖို့ DPLF တပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။