ဓာတ်ပုံ – CJ

အိုက်ပွီး၊ အောက်တိုဘာ ၂၂ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကလေမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာကြောင့် အဲဒေသမှာရှိတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

“ပြည်သူတွေက ရွာထဲမှာ စစ်ကြောင်းဝင်လာတာနဲ့ သူတို့က ရွာလုံးကျွတ် ထွက်ပြေးကြတယ်။ တချို့က စစ်ကြောင်းနဲ့ ရွာဝေးသွားရင် ရွာထဲပြန်ဝင်တာရှိတယ်။ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း တစ်လျှောက်လုံး အကုန်ပြေးကြရတယ်။”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အရေးပေါ်ထွက်ပြေးသူတွေထဲမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊အသက်ကြီးပိုင်းတွေလည်းပါတာကြောင့် အခြေခံစားနပ်ရိက္ခာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

“ကလေးတွေ အသက်ကြီးပိုင်းတွေ ပိုများနေတယ်။ သူတို့က တခြားသူတွေထက် လိုအပ်ချက်တွေ ပိုများတယ်။ အခု သူတို့တွေ အဆင်ပြေသလို နေကြရတယ်။ စားသောက်ကြတယ်။ ရွာပြန်လို့မရသေးတဲ့အခြေအနေမျိုးမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်။ ဆေးဝါးတွေ အကူအညီလိုလာတယ်။ စားနပ်ရိက္ခာတွေလိုလာတယ်”လို့ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အရေးပေါ် ထွက်ပြေးတိမ်းရှောင်သူတွေအတွက် အရေးပေါ်တုန့်ပြန်ရေးနဲ့ ကူညီရေးအဖွဲ့အစည်းကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖွဲ့စည်းထားပြီး ပြည်တွင်းပြင်ပရှိ ပြည်သူများအနေနဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။