ဓာတ်ပုံ – ဒေသခံ

ပျားကြီး၊ အောက်တိုဘာ ၂၂ ရက်၊ မန္တလေး

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် အထပ်မြင့်တည်းခိုခန်းတစ်ခုကို ဖြိုဖျက်နေချိန် အနီးဝန်းကျင်က နေအိမ်တစ်လုံးပေါ်ကို ပြိုကျခဲ့ရာကနေ အိမ်အတွင်း ၄ နာရီနီးပါးကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပရဟိတအသင်းသားတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

မနေ့ အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ချမ်းအေးသာဇံမြို့နယ်၊ ဆေးရိုးဝင်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ၈၅ လမ်းက အန္တရာယ်ရှိ တည်းခိုခန်းတစ်ခုကို ဖြိုဖျက်နေချိန် အနီးအနားမှာရှိတဲ့ နေအိမ်တစ်လုံးပေါ်ကို ပြိုကျခဲ့ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး နေအိမ်အတွင်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

“မီးခိုးတွေနဲ့ဆိုတော့ အသက်ရှင်ဖို့ မလွယ်လောက်ဘူးလို့ ထင်နေတာ။ အခု အသက်ရှင်လျက် ပြန်ထုတ်နိုင်ခဲ့တယ်။ ထိခိုက်ဒဏ်ရာတချို့တော့ ရှိတာပေါ့” လို့ ဒေသခံ ပရဟိတအသင်းသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆောက်အဦးပြိုကျချိန်မှာ မီးလောင်မှုလည်း ဖြစ်ပွားခဲ့တာကြောင့် အသင့်စောင့်ပေးထားတဲ့ မီးသတ်ကားတွေက ၁၅ မိနစ်ဝန်းကျင်ကြာ ငြိမ်းသတ်ခဲ့ရတဲ့အတွက် ပတ်ဝန်းကျင်တခုလုံး မီးခိုးတွေနဲ့ ဖုံးအုပ်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေခဲ့တာ တွေ့ရပါတယ်။

“တိုင်းမှူးလားဘာလားတော့ မသိဘူး။ တစ်ယောက်လာကြည့်လို့ မီးသတ်တွေက မီးသတ်ရတာတမျိုး သူ့ရှင်းပြရတာတမျိုးနဲ့ဆိုတော့ အချိန်တွေ ပိုကြာကုန်တာပေါ့” လို့ ဖြစ်စဥ်ကို အနီးကပ်စောင့်ကြည့်ခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် ရာနဲ့ချီတဲ့ အန္တရာယ်အဆောက်အဦးတွေရှိခဲ့ပြီး ၇ လနီးပါးကြာတဲ့အထိ ဖြိုဖျက်မှု မလုပ်သေးတဲ့ အဆောက်အဦးတွေ အများအပြားကျန်ရှိနေသေးတဲ့အတွက် အခုဖြစ်စဥ်ကြောင့် အန္တရာယ်ရှိ အဆောက်အဦးတွေ အနီးဝန်းကျင်မှာ နေထိုင်နေရသူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။