ဓာတ်ပုံ – CJ

အိုက်ပွီး၊ အောက်တိုဘာ ၁၉ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-ခမ်းပတ် ကားလမ်းမ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အင်အား ၁,၀၀၀ ခန့်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ရာဇဂြိုလ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ အောက်တိုဘာ ၁၇ ရက်နေ့ညနေမှာ ရာဇဂြိုလ်ရွာအနီးမှာ စတင်ထိတွေ့မှုဖြစ်ပြီး ရွာမီးရှို့ခံရကာ အရပ်သား ၃ ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

“ကလေးမြို့ကနေ ကလေး-ခမ်းပတ် ကားလမ်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီနဲ့ မနေ့က ထိတွေ့မှုဖြစ်တာပါ။ စစ်ကောင်စီဘက်က အင်အားအတော်များပါတယ်။ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်။ တိုက်ပွဲဖြစ်ပြီး ရာဇဂြိုလ်ရွာကိုလည်း မနေ့က မီးရှို့သွားတယ်။ ရွာသား သုံးဦးကိုလည်း ဖမ်းဆီးသွားပါတယ်။”လို့ ကလေးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ပွဲကြောင်း ရာဇဂြိုလ်ရွာက ထောင်နဲ့ ချီပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိ ကလေးမြို့ကနေ ကလေး-ခမ်းပတ် ကားလမ်းကို စစ်ကြောင်းထိုးလာတဲ့အတွက် ကားလမ်းတလျှောက် ရွာသားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ခံတွေလည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“တစ်နိုင်ငံလုံး စစ်သားတွေ ကလေးဘက်လာစုနေသလိုပဲ။ စစ်သားတွေအများကြီးနဲ့ စစ်ကြောင်း ထိုးလာတာ။ နေရာစုံကနေ စစ်ကြောင်းထိုးလာတော့ အရပ်သားတွေက ပိတ်မိနေတဲ့သဘောပါ။ အခုဆို ကားလမ်းတလျှောက် ရွာသားတွေအကုန်လုံး တိမ်းရှောင်နေရတယ်။ ခမ်းပတ်မြို့ကလူတွေလည်း တိမ်းရှောင်နေကြပြီး။”လို့ ကလေးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ တမူးမြို့နယ်ကျေးရွာတွေနဲ့ ခမ်းပတ်မြို့နယ်တွေမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာ ရွာသားတချို့ ဖမ်းဆီးသတ်ဖြတ်မှုတွေလည်းလုပ်ဆောင်နေပြီး ကလေးမြို့နယ်၊ အနောက်ခုံရွာသားတချို့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ စုံစမ်းသိရှိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။