ဓာတ်ပုံ – ဒေသခံ

ပျားကြီး၊ အောက်တိုဘာ ၁၈ ရက်၊ ဆားလင်းကြီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲမှု၊ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၈ ရက် မနက်အစောပိုင်းကစပြီး တရုတ်နဲ့ စစ်အုပ်စုရဲ့ ဝမ်ပေါင်ကြေးနီကုမ္ပဏီက စစ်ကြောင်း ၃ ကြောင်းဟာ အနီအနားကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီး မုံရွာမြို့နဲ့ န.မ.ခဖက်ကနေလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ အဆက်မပြတ်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

“အရှေ့ဖက်ကမ်း(မုံရွာဖက်ခြမ်း) ကနေ လက်နက်ကြီးနဲ့ တရစပ်ထုနေတာ။ ပါရာမော်တာကလည်း တချိန်လုံးတက်ပြီး မဲမဲမြင်ရာ ဗုံးလိုက်ကြဲနေတာပဲ။ အကုန်ပြေးနေရပြီ။ အခုကို ပါရာမော်တာနဲ့ ၂ လုံးကြဲသွားသေးတယ်” လို့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ တုံ၊ ဖောင်းကတာ၊ ထန်းတောကြီး၊ ထန်းပု၊ ညောင်ပင်ကြီး၊ ရွှေလှေ၊ တောကျောင်း၊ လယ်တီစတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း၂၅ ရွာက လူပေါင်း ၂ သောင်းနီးပါးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သတင်းရေးသားနေချိန် ညနေ ၃ နာရီအထိ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလောမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တာကြောင့် ထိခိုက်မှုတစုံတရာ ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဒေသခံစစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် သူတို့စိုးမိုးထားနိုင်မှုမရှိတဲ့ ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးမှုရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။