မိုင်းရူပ၊ အောက်တိုဘာ ၁၆ ရက်

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ရဲ့ လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၅ ရက်မှာကျရောက်တဲ့ တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်မှာ ပြောကြားခဲ့ပါတယ်။

” ရွေးကောက်ပွဲကို ကျွန်တော်တို့ ဝ အဖွဲ့အနေနဲ့ အားပေးထောက်ခံသွားမှာပါ။ ဒါကိုဗဟိုဌာနချုပ်ကထုတ်ပြန်ပြီးသားပဲ” လို့ ဦးညီရန်းက ပြောကြားခဲ့ကြောင့် စစ်ကောင်စီဝါဒဖြန့်မီဒီတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နေရာတချို့သာ ငြိမ်းချမ်းတာကို မလိုလားတဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ လိုအပ်ကြောင်း ဦးညီရန်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲကို UWSA က ထောက်ခံကြောင်း ပြောကြားခဲ့ပေမယ့် UWSA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်ဒေသထဲ ထည့်သွင်းထားတာ မရှိပါဘူး။

NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်ကို စစ်ကောင်စီက နေပြည်တော်မှာ ဦးဆောင်ကျင်းပခဲ့ပြီး NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့အပါအဝင် NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပြီး NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်ကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်တိန်ရှီကျွင်းကတော့ တရုတ်အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး နည်းပညာပိုင်းနဲ့ ရုပ်ဝတ္ထုပစ္စည်းကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ပြောထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။