မိုင်းရူပ၊ အောက်တိုဘာ ၁၅ ရက်၊ သပိတ်ကျင်း

မန္တလေး- မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ သပိတ်ကျင်းမြို့နယ် ဖောတော့လမ်းဆုံကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၄ ရက်မှာ သပိတ်ကျင်းမြို့နယ်ရှိ ဖော့တော့လမ်းဆုံကို စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်- မန္တလေးလမ်းမအတိုင်း မိုးကုတ်မြို့ဘက်ကို ထိုးစစ်ဆင်လာပြီး ညောင်ပင်သာရွာအနီးကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

” မနေ့ ဖော့တော့လမ်းဆုံကို စကစ ရသွားတယ်။ အခုက မိုးကုတ်ဘက် ထိုးလာတာ။ ညောင်ပင်သာအနီးတဝိုက်ကို ရောက်နေတယ်။ မနေ့ကတော့ စစ်ရေးတော်တော်ပြင်းထန်နေတယ်။ ဒီနေ့က မိုးရွာနေတာ့ စစ်ရေး နည်းနည်း ငြိမ်နေတယ်” လို့မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖော့တော့လမ်းဆုံကို ပြန်ရဖို့သပိတ်ကျင်းမြို့နယ် ၇ မိုင်တပ်စခန်းကနေ ထိုးစစ်ဆင်လာပြီး စစ်အင်အားအများအပြားအပါအဝင် အသေခံဒရုန်းတွေကို အဓိကအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဖော့တော့ကျေးရွာဟာ မန္တလေး- မိုးကုတ်သွားလမ်းနဲ့မိုးကုတ်- သပိတ်ကျင်းသွားတဲ့ လမ်းခွဲပေါ်မှာ တည်ရှိပြီး မိုးကုတ်မြို့နဲ့ မိုင် ၅၀ ဝန်းကျငကွာဝေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် မိုးကုတ်မန္တလေးလမ်းပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ နောင်ချိုကနေ မိုးကုတ်မြို့နယ်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မိုးကုတ်- နောင်ချိုလမ်းမပေါ်ရှိ ရတနာသင်္ဂီမိုင်းအနီးစစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဆက်ဖြစ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။