ရဲမာန်၊ အောက်တိုဘာ ၁၅ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့ ဆုတောင်းပြည့်ဘုရားပွဲက ပြန်လာတဲ့ လူငယ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး ဖမ်းဆီးသွားတယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သူတို့တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက် ည ၈ နာရီကျော်မှာ မုံရွာမြို့ ကမ်းနားလမ်းပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“မုံရွာ ကမ်းနားလမ်းပေါ်ရှိ ဆုတောင်းပြည့်ဘုရားပွဲမှာ Show ပွဲလုပ်ပြီး အပြန်မှာ စစ်ကောင်စီတပ်က အိမ်စီးကား ၅ စီးနဲ့ လူငယ် ၃၀ကျော် ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အလုပ်သို့ အသွားအပြန် လုပ်နေသူတွေကို ဖမ်းဆီးပေါ်တာဆွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း စစ်ကိုင်းမြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာ အမျိုးသမီး ၃ ဦးအပါအဝင် လူငယ်အမျိုးသား ၃၀ ထက်မနည်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။