ဓာတ်ပုံ – Google

လွေးထွေး၊ အောက်တိုဘာ ၁၅ ရက်၊ မဘိမ်း

‎ကချင်တပ်မတော် KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့က နေအိမ်တစ်ခုမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက ကျပ်ငွေ သိန်း ၂၀၀ တောင်းပြီး မပေးနိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မဘိမ်းမြို့တွင်းက ရပ်ကွက်တစ်ခုမှာ အရပ်သားဝတ်စုံနဲ့ အမျိုးသား ၅ ဦးက သေနတ် အတို၊ အရှည်ကိုယ်စီ ကိုင်ထားပြီး အဲဒီနေအိမ်မှာ ငွေတောင်းခဲ့တာဖြစ်ပါတယ်။

‎မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “သူတို့အခုက ဘေးကင်းတဲ့နေရာ ရောက်ပြီ။ သူတို့ကို သဘက်ခါ ပိုက်ဆံလာယူမယ်လို့ ပြောတယ်။ မပေးနိုင်ရင် တစ်အိမ်လုံးသတ်ပစ်မယ်တဲ့” လို့ ပြောပါတယ်။

‎နေအိမ်ထဲ ဝင်ရောက်ချိန် ကျပ်ငွေ သိန်း ၂၀၀ ချက်ချင်းပေးဖို့ တောင်းခဲ့တာဖြစ်ပြီး အိမ်ရှင်က ချက်ချင်းမပေးနိုင်ကြောင်း တောင်းပန်ကာ ရက်ချိန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

‎လက်နက်ကိုင်ဆောင်တဲ့ အဲဒီအမျိုးသားတွေကို ရှာဖွေ၊ ဖမ်းဆီး၊ အရေးယူပေးဖို့ မိသားစုဝင်တွေက KIA တပ်ဖွဲ့ထံ တိုင်းကြားထားပေမဲ့ လက်ရှိအချိန်အထိ တစုံတရာ ပြန်လည်ပြောဆိုတာ မရှိသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

‎မဘိမ်းမြို့ကို ကချင်တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။