ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၀ ရက်၊ မိုးမိတ်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှု‌ကြောင့် သေဆုံးသူ ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၉ ရက် ည ၆ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ပေါင် (၂၅၀)ဗုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဝဲဘောင်ရွာလယ်ထဲကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား (၅)ဦး ကလေး တစ်ဦးအပါအဝင် အမျိုးသမီး (၃)ဦး စုစုပေါင်း (၈) ဦး ပွဲချင်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရဲ့ အချက်အလက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက “သေဆုံးသူက ကလေး တစ်ဦး အပါ ၈ ဦးသေတယ်။ ဒဏ်ရာရတဲ့သူတွေက ဘယ်လောက်လည်းဆိုတာ အတိအကျမသိရသေးဘူး။ ဘာလို့ဆို ဗုံးကြဲပြီးတော့ အဲဒီဒဏ်ရာရတဲ့သူတွေကို ဆေးရုံတို့ ဆေးခန်းတို့ ပို့ကုန်တာ။ ကျနော် မမှီလိုက်ဘူး။ ခန့်မှန်းခြေ ၁၀ ဦးနီးပါးလောက်ရှိမယ်” လို့ ပြောပါတယ်။

ဗုံးကြောင့် သေဆုံးသွားတဲ့သူတွေဟာ ဦးသန်းလှိုင်(၄၈ နှစ်)၊ ကိုမိုင်မိုင် (၂၅ နှစ်)၊ ကိုအောင်ချစ်ဖြိုး (၁၈ နှစ်)၊ ကိုဂျက်လီ (၁၇ နှစ်)၊ ဦးကျော်ထူး (၅၀ နှစ်)၊ မဗျိုင်းမ (၁၃ နှစ်)၊ ဒေါ်အေးလွင် (၅၃ နှစ်)နဲ့ ဒေါ်မာမာဝင်း (၆၃ နှစ်) တို့ဖြစ်ပြီး နေအိမ် (၁၀)လုံးထက်မနည်းလည်း ပျက်စီးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၇)ရက်နေ့တုန်းကလည်း မိုင်းလုံနယ်ထဲက မန်ဟုန်းရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာခံ (၁၀)ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကနေ မနေ့ ၉ ရက်အထိ ၉ ရက်အတွင်း ကလေး (၄) ဦးအပါအဝင် (၂၈) ဦးသေဆုံးခဲ့ပြီး ကလေး (၉) ဦးအပါအဝင် (၂၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တွေဖြစ်ပြီး လူထုတွေအနေနဲ့ လေကြောင်းရန်အန္တရယ် အထူးသတိရှိကြဖို့ လိုအပ်တယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။