ဓာတ်ပုံ – ပုံဟောင်း

အိုက်ပွီး၊ အောက်တိုဘာ ၉ ရက်၊ မင်းတပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသား/သူ ၄ ဦးသေဆုံးပြီ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနဲ့ ထင်းချောင်းကျေးရွာ စာသင်ကျောင်းတွေကို မနေ့ အောက်တိုဘာ ၈ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား/သူ တွေ ထိခိုက်သေဆုံးခဲ့တာပါ။

“ဝမ္မသူးကျေးရွာမှာ လူထိခိုက်သေဆုံးမှု မရှိဘူး။ ထင်းချောင်းရွာ စာသင်ဝိုင်းမှာ ကျောင်းသား/သူတွေ ထိခိုက်သေဆုံးမှုရှိတာပါ။ မသန်စွမ်းတစ်ဦးအပါအဝင် ၄ ဦးပွဲချင်းပြီး ဆုံးတယ်။ ၁၂ယောက်လောက်ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူလည်းပါတယ်။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရတဲ့ ကျောင်းသား/သူတွေလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ဝမ္မသူးကျေးရွာ စာသင်ကျောင်းနဲ့ ထင်းချောင်းရွာ RC ဘုရားရှိးခိုးကျောင်းလည်း ဗုံးစထိမှန် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“RC ဘုရားကျောင်းမှာ ကလေးတွေ စာကျက်ကြတာ။ အဲမှာဗုံးကြဲတော့ လူတွေရော ဘုရားကျောင်းပါ ပျက်စီးသွားတာ။ ပြီးတော့ ဝမ္မသူးရွာက စာသင်ကျောင်းကိုလည်း ဗုံးကြဲသွားတယ်။ ကျောင်းအဆောက်အဦးအကုန် ပျက်စီးသွားတယ်။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် နှဲ့ ၅ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဟိုတယ်အပါအဝင် လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။