စစ်ပွဲ ပဋိပက္ခရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်လာတာနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင့် နယ်စပ်ဒေသမှာ အလုပ် ရဖို့အတွက် ကြိုးစားရင်း လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်တွေ များလာပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက အသက် မပြည့်သေးတဲ့ လွေးအီအောင်နဲ့ လွေးလွေတို့သူငယ်ချင်း ၂ ယောက်ကို အဒေါ်ဖြစ်သူက လောက်ကိုင်မှာ သန့်ရှင်းရေးဝန်ထမ်း လုပ်ရမယ်ဆိုပြီး KTV တစ်ခုမှာ လိင်လုပ်သားအဖြစ် ပို့ဆောင်တာကို ခံခဲ့ရပါတယ်။
လွေးအီအောင်တို့ သူငယ်ချင်း ၂ ယောက် အဲဒီလုပ်ငန်းခွင်ကနေ ထွက်ပြေးလွတ်မြောက်လာတာနဲ့ လမ်းခရီးမှာ ဘယ်လို အခက်အခဲ ကြုံတွေ့ခဲ့ရလဲဆိုတာကို ရွှေဖီမြေ သတင်းထောက် လွေးဇွန်မိုးနဲ့ လွေးထွေးတို့ ကွင်းဆင်းပြီး ရိုက်ကူးထားတဲ့ ဒီရုပ်သံမှာ ကြည့်ရှုရအောင်ပါ။