မိုင်းရူပ၊ အောက်တိုဘာ ၈ ရက်၊ သီပေါ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရတာမရှိဘဲ အရင်အတိုင်းသာ ဆက်ရှိနေတယ်လို့ သိရပါတယ်။
“မိုးတေတံတား ကျိုးတယ်လို့ မကြားမိဘူးရော။ အရင်အတိုင်းပဲ ရှိနေတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ မိုးတေတံတားကို တအာင်းတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
မိုးတေတံတားကို ပြီးခဲ့တဲ့ 1027 စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က မိုင်းခွဲဖျက်ဆီးခဲ့ရပြီး၊ တအာင်းတပ်ဘက်က ပြန်လည်ပြုပြင်ထားတာ ဖြစ်ပါတယ်။
သီပေါနဲ့ ကျောက်မဲမြို့နယ်ကြားရှိ လွယ်ခေါ်ကျေးရွာမှာတော့ စစ်ကောင်စီနဲ့ တအာင်းတပ်အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။