ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာရှိတဲ့ အလယ်တန်းကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်တစ်ဦး လူသွားလူလာပြတ်တဲ့ ခြုံပုတ်ထဲ သတ်ဖြတ်ခံရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
သတ်ဖြတ်ခံရသူဟာ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာ နေထိုင်တဲ့ ၁ တန်းကျောင်းသူ အသက် ၈ နှစ်အရွယ် မရွှေဇင်ငြိမ်းဆိုသူ ဖြစ်ပါတယ်။
မရွှေဇင်ငြိမ်း သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး သူမရဲ့ ဖခင်ဖြစ်သူ ကိုဘိုပြုံးအပါအဝင် ကလေးသေဆုံးတဲ့ အနီးဝန်းကျင်မှာ ရှိနေတဲ့ မသန်စွမ်း အမျိုးသားတစ်ဦးနဲ့ နောက်ထပ် အမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်- MNDAA က ဒီအမှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးထားပါတယ်။
ဒီသတင်း အပြည့်အစုံကို ရွှေဖီမြေက မြေပြင်ကွင်းဆင်းပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။