ပျားကြီး၊ အောက်တိုဘာ ၂ ရက်၊ ကူမဲ

မန္တလေးတိုင်း ကူမဲ၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်က ကင်းတား၊ မုန်တိုင်နဲ့ ကြက်မောက်တောင်ဆည်မှာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်္ဂါနေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်တွေရဲ့ သတ်မှတ်ရေလှောင်ပမာဏထက် ကျော်လွန်ပြီး ရေကြီးရေလျှံမှု ရှိလာတာ ဖြစ်ပါတယ်။

“ရေပိုလွှဲတွေကနေ တောက်လျှောက် ဖောက်ချနေတာကို မနိုင်တော့ဘူး။ တချို့ရွာ ရေစဝင်နေပြီ။ လမ်းတွေလည်း သွားလို့မလွယ်တော့ဘူး။ မနှစ်ကလို ဖြစ်မှာစိုးလို့ အခုကတည်းက ဘေးကင်းမယ့်နေရာ ကြိုရွှေ့ထားရတယ်” လို့ ကူမဲဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆည်အနီးဝန်းကျင်က ကျေးရွာ ၃ ရွာထက်မနည်းမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ဆည်တွေ ရေလျှံမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းရဲ့ နေရာတချို့မှာ ရေစီးသန်တဲ့ ရေကျော်နေတာကြောင့် လမ်းပိတ်မှု ရှိလာတယ်လို့ ကျောက်ပန်းတောင်းဒေသခံတွေက ပြောဆိုပါတယ်။

“ဒါမျိုး တခါမှ မဖြစ်ဖူးဘူး။ အခုက မြို့အထွက်မှာကတည်းက ကားလမ်းက ရေပြင်ကြီး ဖြစ်နေပြီ။ တချို့နေရာဆို ဆက်မောင်းလို့ မရလို့ ရပ်နေရတယ်။ ရေက ဆက်တိုးနေတုန်းပဲ” လို့ အသက် ၄၇ နှစ်အရွယ် ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက ပြောဆိုပါတယ်။

ဒီလိုရေကြီးရေလျှံမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ ကားအစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။