ဓာတ်ပုံ – SPM

သတင်းဓာတ်ပုံ

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၀ ရက်၊ နမ္မတူ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ စုံညီပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။

စုံညီပွဲတော် အခမ်းအနားသို့ TLEC ရဲ့ တွဲဖက်ဒါရိုက်တာ၊ နမ္မတူမြို့နယ် ပညာရေးမှူး၊ ကျောင်းဆရာဆရာမအပြင် ရပ်မိရပ်ဖနဲ့ ကျောင်းသားမိဘ စုစုပေါင်း လူဦးရေ ၈၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ TLEC ဟာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်မြို့နယ်မှာ ကျောင်းပေါင်း ၆၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အခုလို တိုးတက်မှု ရလာတာဟာ TLEC ရဲ့ ဦးဆောင်မှုကြောင့်သာမဟုတ်ဘဲ ကျောင်းသားမိဘတွေ ဝိုင်းဝန်းကူညီပေးလို့ အခုလို အောင်မြင်မှု ရလာတာလို့ TLEC ရဲ့ တွဲဖက်ဒါရိုက်တာက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မနက်ပိုင်းမှာတော့ စုံညီပွဲတော်သို့ တက်ရောက်ကြတဲ့ ကျေးရွာတာဝန်ရှိသူနဲ့ ကျောင်းဆရာဆရာမတွေ အမှတ်တရစကား ပြောကြားခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျောင်းသူ ကျောင်းသားဟာ ရိုးရာအကနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။