(English below)
ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒေါ်ရွှေပွင့်ကတော့ သူတို့ကျေးရွာမှာ ရွာသူကြီးတာဝန် ထမ်းဆောင်လာတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါပြီ။
ဒေါ်ရွှေပွင့်ဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ သီပေါမြို့နယ် ကုန်းစုံကျေးရွာမှာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ကုန်စုံရွာရဲ့ ရွာသူကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ရွာမှာ ရွာသူကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်မှာ လူငယ်ခေါင်းဆောင်တာဝန်နဲ့ ဥက္ကဌရဲ့ လက်ထောက်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူကြီးဖြစ်သူ သေဆုံးပြီးနောက်မှာ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ရွှေပွင့်ဆိုသူကို ဥက္ကဌရာထူး လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
Female Village Head Leads Effort for Peaceful Coexistence
In this patriarchy-dominated rural region, appointing a woman as village head is rare.
However, Daw Shwe Pwint has held that position in her village for over two decades.
Daw Shwe Pwint, 63-year-old, is a resident of Kone Sone Village in Hsipaw Township, which is home to various ethnic groups. She is the first-ever woman who began serving as the village head of Kone Sone since 2003.
Prior to becoming Village Head, she served for six years as a youth leader and as the assistant to the former Village Head, who was her father. Following his passing, Daw Shwe Pwint was handed the Chairwoman position for the village administration.
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။