ဓာတ်ပုံ- CDF CDM SIYIN

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၀ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့ရှိ ရဲတပ်ဖွဲ့ ၂၆ တပ်ရင်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့- CDF CDM SIYIN က ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှာ လက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်လာတာဖြစ်ပြီး ၎င်းကို ကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးမယ်လို့ ဆိုပါတယ်။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသူတွေကို ကျပ် သိန်း ၁၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အလင်းဝင်ချင်တဲ့ တပ်သား‌တွေအနေနဲ့ ဆက်သွယ်နိုင်တယ်လို့ CDF CDM SIYIN က ထုတ်ပြန်ထားပါတယ်။

CDF CDM SIYIN ရဲ့ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဘက်က ကမ်းလှမ်းတယ်ဆိုတာက သူတို့က ရှုံးနေပြီလေ။ ပေါ်တင် လက်မခံတာပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် စောစော ကျနော်တို့ဆီ အလင်းလာဝင်တာကမှ သူတို့မှာ တစ်ချောင်းတည်းရှိတဲ့ အသက်အတွက် အာမခံရဖို့ သေချာတာပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်အပါအဝင် ၂ ဦးနဲ့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၄ ဦးဟာ CDF CDM SIYIN ထံ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့ပါတယ်။

အလင်းဝင်လာလိုတဲ့ စစ်သား‌တွေကို တီးတိန်မြို့တွင်းမှာဖြစ်စေ၊ ဘယ်နေရာမှာမဆို သွားရောက် ကြိုဆိုပေးမှာဖြစ်ပြီး သွားလိုတဲ့နေရာ၊ လုပ်လိုတဲ့ အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးမှာဖြစ်ပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။