(English below)
ထရံနဲ့ ကာထားပြီး ပေ ၂၀ ဝန်းကျင်သာရှိတဲ့ ဒီအိမ်လေးဟာ ကျန်သူတွေအတွက် ပြုပြင်နိုင်ပေမဲ့ ထမင်းနပ်မှန်ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဒေါ်ခမ်းလူတို့ သားအမိအတွက်ကတော့ ဒီလိုအိမ် ပြန်ရဖို့ မလွယ်ကူလှပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာ ဒေါ်ခမ်းလူတို့ နေထိုင်တဲ့ တအာင်းတပ်မတော် ထိန်းချုပ်ရာဒေသဖြစ်တဲ့ ကျောက်မဲမြို့နယ် ပန်းသပြေကျေးရွာထဲ စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံး ၁၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းသပြေကျေးရွာထဲက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၃ လုံးနဲ့ ပန်းသပြေကျေးရွာရဲ့ စာသင်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်စဉ် ဒေါ်ခမ်းလူတို့ သားအမိဟာ နေအိမ်ထဲမှာ ရှိနေခဲ့ပါတယ်။ နေအိမ်အောက်ရှိ ထင်းပုံထဲ ပုန်းခိုနေတာကြောင့် သားအမိ ၂ ဦး အသက်ဘေးကနေ လွတ်မြောက်ခဲ့တာလို့ ဒေါ်ခမ်းလူက အခုလို ပြန်ပြောပြပါတယ်။
Airstrike Leaves Family Homeless
While others might easily repair the small, roughly 20-foot house with bamboo mat walls, it will be difficult for Daw Kham Lu and her children, who are struggling to get enough to eat, to get a home like this again.
On the morning of September 4, the junta military used a fighter jet to drop over 10 bombs on Pan Thabyay village in Kyaukme Township, an area controlled by the Ta’ang National Liberation Army (TNLA) where Daw Kham Lu and her family live.
The airstrike injured one woman in Pan Thabyay village and damaged three houses and the village school.
Daw Kham Lu recalled that she and her child were inside their home during the airstrike but survived by hiding under a pile of firewood beneath the house.
You can also read and listen to our Shwe Phee Myay’s reports, not only on Facebook and our Website, but also on the following channels: