မိုင်းရူပ၊ စက်တင်ဘာ ၂၅ ရက်၊ သပိတ်ကျင်း

မိုးကုတ်–မန္တလေး လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မိုးကုတ်–မန္တလေး လမ်းမကြီးအနီးရှိ လမ်းလယ်ကျစ်ရွာကို ပြန်ထိန်းချုပ်ခဲ့ပြီး တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လမ်းလယ်ကျစ်ရွာကို စစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး၊ ထို့နောက် လမ်းလယ်ကျစ်ရွာကို တော်လှန်ရေးဘက်က ပြန်လည်ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လမ်းလယ်ကျစ်ကို စကဘက်က ပြန်ရသွားတော့ ဟုတ်တယ်။ ဒီဘက်ကလည်း ပြန်လည်ထိုးစစ်ဆင်နေတာ ရှိတယ်” လို့ ဆိုပါတယ်။

လမ်းလယ်ကျစ်ကျေးရွာဟာ မိုးကုတ်–မန္တလေး လမ်းမပေါ်ရှိ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအနီးမှာ တည်ရှိပြီး လက်ရှိအချိန်အထိ မိုးကုတ်–မန္တလေး လမ်းမကြီးကို တော်လှန်ရေးတပ်တွေဘက်က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း လမ်းလယ်ကျစ်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်တဲ့ ဓာတ်ပုံတွေ ရေသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီဘက်က မိုးကုတ်–မန္တလေး လမ်းကို ပြန်ထိန်းချုပ်ဖို့ အင်အားအများအပြား အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို၊ လေကြောင်းနဲ့ လက်နက်ကြီးတွေကိုလည်း နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် ဇရပ်ကွင်းကျေးရွာခံအပါအဝင် ရွှေမွှေးချောင်း၊ ၄ မိုင်၊ ၆ မိုင်၊ နဲ့ ရေပူလယ်တီစတဲ့ ကျေးရွာတွေက ဒေသခံ ၅ ထောင်ကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ တအာင်းတပ်မတော်–TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ–NUG လက်အောက်ခံတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။