ပို့လဘား၊ စက်တင်ဘာ ၂၃ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ထဲက KTV တွေကို တစ်ပတ်ကြာ ပိတ်ထားပြီးနောက် ပြန်ဖွင့်‌နေသလို ဖွင့်လှစ်လိုက်တဲ့ KTV တွေကို ကိုးကန့်တပ်- MNDAA ဘက်က လုံခြုံရေး စောင့်ပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ KTV တွေကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့ဘက်က ပိတ်ပင်ဖို့ ကြေညာပြီးနောက် တချို့ KTV ဟာ တစ်ပတ်ကြာ ပိတ်ခဲ့ပြီး ပြန်လည် ဖွင့်လှစ်တာ ရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပိတ်တာတော့ ဟုတ်တယ်။ တစ်ပတ်ပိတ်ထားပြီး အခုပြန်ဖွင့်နေပြီ။ 8888 နဲ့ ရင်ချန်းဆိုင် မပိတ်ဘူး။ ကိုးကန့်တပ်က အစောင့်လုပ်ပေးတယ်။ တအာင်းလူငယ်တွေဆို သူတို့ပေးမဝင်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ဘက်က ပိတ်ခိုင်းတာဖြစ်ပြီး ငါတို့သွားဝင်ရင် သတင်းကြီးသွားမှာ ကြောက်လို့ ပေးမဝင်တာ”

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကစပြီး KTV ဆိုင်တွေ ပိတ်ထားဖို့ တအာင်းတပ်ဘက်က တရားဝင် အသိပေးထားတာဖြစ်ပြီး ဆိုင်ပိတ်ထားဖို့ ကြေညာထားတဲ့ကာလအတွင်း စည်းကမ်း ချိုးဖောက်ပြီး ဆိုင်ဖွင့်တာ ရှိခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ပေါ်ရှိ KTV နဲ့ အနှိပ်ခန်းဆိုင်တွေကိုလည်း တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့ဘက်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကစပြီး ပိတ်ပင်ဖို့ လိုက်လံ သတိပေးခဲ့ပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ တခြားမြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ နမ္မတူနဲ့ နမ့်ခမ်းမြို့မှာရှိတဲ့ KTV ဆိုင်တွေကိုလည်း ပိတ်ထားကြပြီ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။