ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ရွှေဖီမြေ၊ စက်တင်ဘာ ၂၃ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး အကြောင်းမဲ့ လာရောက် ကြဲချမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ နှစ်ကြိမ် လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ချခဲ့တဲ့ ပေါင် ၅၀၀ ‌ဗုံးကြောင့် ကျီစုရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းအေး သေဆုံးခဲ့ပြီး ဒေသခံ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပြင် နေအိမ်နှစ်လုံးနဲ့ စာသင်ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ဖိုက်တာ ပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ။ ပထမတစ်လုံး ချတာက မနက် ၁ နာရီ ၂၅ မိနစ် နောက်တစ်လုံးက ၁ နာရီ ၂၈ မိနစ် ကံကောင်းတာက ပထမတစ်လုံးကျတာ လူသိပ်မရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း(မြောက်)ကြား နောက်တစ်လုံးက ဘုန်းကြီးကျောင်း(တောင်)နဲ့ လူနေအိမ်ကြား ကျတာမို့ သေဆုံး နည်းတာဗျ။ ဟိုလိုဆို မလွယ်လောက်ဘူး။ ဒေါ်သန်းအေးကတော့ ကံဆိုးသွားတာပေါ့ဗျာ။ ရွာထဲမှာ ဘာအဖွဲ့အစည်းမှ မရှိတော့ ဘယ်သူက ဖိုက်တာ ပစ်မယ်ထင်မှာလဲ။ စစ်ကောင်စီကတော့ ကုလားမနိုင် ရခိုင်မည်းဆိုသလို အကြမ်းဖက်ပဒတ်ရှိတယ် ခေါင်းစဉ်တပ်ပြီး ပြည်သူတွေရှိတဲ့ ရွာတွေပဲ ပတ်ကြဲနေတာ ထုံးစံကြီးကို ဖြစ်လို့နေပါပြီ” လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီးလည်း ရေးသားဖော်ပြထားပါတယ်။

ဒဏ်ရာရတဲ့ ၁၇ ဦးထဲ ၅ ဦးက အသက်အန္တရာယ် စိုးရိမ်ရပြီး ၇ ဦးက တခြားရွာကနေ စစ်ရှောင်လာတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ ‌ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျီစုရွာမှာ အိမ်ခြေ စုစုပေါင်း ၈၇၀ အိမ်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ နိုဝင်ဘာလအတွင်း စစ်တပ်ရဲ့ နှစ်ကြိမ်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု ခံရတာကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ပျက်စီးပြီး တစ်ရွာလုံးနီးပါး တစ်နှစ်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့ရွာလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။