ဓာတ်ပုံ- CJ

ယာရူစိင်၊ စက်တင်ဘာ ၂၃ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်သွေးတောင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖ ၂ ဦး သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကျောက်သွေးတောင်ရွာ ကွက်သစ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးသူတွေက သားအဖတွေပါ။ ဒဏ်ရာ ရတာတွေတော့ မရှိဘူး။ မနေ့ညကလည်း လက်နက်ကြီးတွေနဲ့ထုလို့ ထွက်ပြေးတိမ်းရှောင်နေရတာမျိုးတော့ ရှိတယ်။ နေ့စဉ်လိုလို ဗုံးကြဲနေတော့ သေဆုံးမှုတွေလည်း နေ့တိုင်းပါပဲ” လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးကျော်စိုးနဲ့ သားဖြစ်သူ မောင်ထူးထူးစံတို့ သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲမှာလည်း ဖားကန့်မြို့နယ် မရှီကထောင်အုပ်စု ထုံးဘိုရွာအတွင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဖားကန့်မြို့နယ် ဆိုင်းတောင် အထက်မှော်ရှန်ရွာအနီး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆော့ကစားနေတဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဖားကန့်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။