ဓာတ်ပုံ – CJ

အိုက်ပွီး၊ စက်တင်ဘာ ၂၂ ရက်၊ မင်းတပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စံပြရပ်ကွက်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့၊ စံပြရပ်ကွက်ကို မနေ့ စက်တင်ဘာ ၂၁ ရက်နေ့၊ ည ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

“ညကဗုံးကြဲတဲ့နေရာမှာ လူနေထိုင်တာမရှိတော့ ထိခိုက်မှုမရှိဘူး။ စစ်ရေးလှုပ်ရှားတာ မရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ လေကြောင်း တိုက်ခိုက်တာပါ။ နေအိမ်ကတော့ ၇ လုံး လုံးဝ ပျက်စီးသွားပါတယ်။” လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ အရင်က စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှု မကြာခဏ ပြုလုပ်ပေမယ့် မနေ့ည လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုဟာ စက်တင်ဘာလမှာ ပထမဆုံးအကြိမ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုဖြစ်ပါတယ်။

“အရင်အပတ်တွေက မင်းတပ်မြို့ပေါ်မှာ လေယာဥ်တွေ အမြဲ ပျံဝဲတယ်။ လေကြောင်း တိုက်ခိုက်မှု မရှိသေးဘူး။ မနေ့ညက လေကြောင်း တိုက်ခိုက်မှုက ဒိီလမှာ ပထမဆုံးပါ။ မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှု မရှိတာ တစ်လလောက်ရှိပြီ။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အစပ် ကန်ပက်လက်မြို့နယ်ထဲက ခါပန်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မင်းတပ်မြို့နယ်ကို ချင်းညီနောင်(CB)နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။