ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၂၁ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံဖြစ်တဲ့ Tarlin Mg ဆီက သိရပါတယ်။

မနေ့ စက်တင်ဘာ ၂၀ ရက်မှာ လုံးခင်းကျေးရွာအစပ်နဲ့ မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖတ်ရည်ဆိုင် မျက်စောင်းထိုးမှာ အမျိုးသားတစ်ဦးက ပစ်ခတ်ခံရတာဖြစ်ပြီး နောက်တစ်ဦးကတော့ မှော်စီစာကျေးရွာက ဆောက်လုပ်ဆဲ ရခိုင်ရိုးရာနဲ့ မျက်စောင်းထိုးမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

ဖားကန့်ဒေသခံ Tarlin Mg က “မနေ့ညကတည်းက ပစ်ခံရတာ။ အခုထိ ပစ်ခံရတဲ့ နှစ်ယောက်က ဘယ်သူဘယ်ဝါ မသိရသေးဘူး။ သေဆုံးသူ နှစ်ယောက်ရဲ့က ခန့်မှန်းခြေ အသက် ၃၀ ဝန်းကျင်ခန့် ရှိလောက်တယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့နှစ်ဦးဟာ ဘယ်သူဘယ်ဝါ မသိရသေးသလို ပစ်သတ်သွားတဲ့ တရားခံကလည်း ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းလည်းဆိုတာ အခုအချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ လူမှုကူညီရေး အသင်းတွေက လုံးခင်းသုဿာန်မှာ လာရောက် သယ်ဆောင်သွားခဲ့‌ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း ဆိုင်းတောင် အထက် မှော်ရှန်ရွာအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆော့ကစားနေတဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။