ဓာတ်ပုံ – SPM

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၀ ရက်

ဖိအားအမျိုးမျိုးကြားကနေ ရုန်းကန်နိုးထကြရတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံတဝန်းက ဒေသအသီးသီးမှာ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး စစ်တပ်ဟာလည်း သမိုင်းတွင်တဲ့ ရှုံးနိမ့်မှု ဆက်တိုက် ကြုံနေရတယ်လို့ တအာင်းတပ်- TNLA က ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ကို ထုတ်ပြန်ရာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစု စုပေါင်းပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်ကာ အောင်ပွဲရယူဖို့ အချိန်အခါကောင်း ဖြစ်တယ်လို့ နှစ်ပတ်လည် အစည်းအဝေးမှာ ရှုမြင်ကြောင်း ပြောဆိုထားပါတယ်။

TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားတဲ့ မြို့တွေကို လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်အုပ်ချုပ်သွားမှာဖြစ်ပြီး လူထုတွေ ပါဝင်နိုင်တဲ့ လူထုအစိုးရ ပေါ်ပေါက်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

နှစ်ပတ်လည် အစည်းအဝေးမှာ TNLA ကို တပ်မဟာ ၉ ခုအထိ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မြို့ ၁၈ မြို့ ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ဖို့ သဘောတူခဲ့ကြပါတယ်။

အရှိန်ပြင်းတဲ့ တော်လှန်ရေးကာလအတွင်း အသက်၊ နေအိမ်နဲ့ လုပ်ငန်းတွေ စွန့်လွှတ်ခဲ့ကြတဲ့ လူထု၊ တအာင်းတပ်ဖွဲ့ဝင်ကို ပြည်လည် ထူထောင်ရေး၊ လုံခြုံအေးချမ်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့ တအာင်းပြည်အတွင်းမှာရှိတဲ့ လူထုနဲ့ ပူးပေါင်းသွားမယ်လို့လည်း ဆိုပါတယ်။

PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်ကနေ ၇ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင်အပါအဝင် ၁၇၃ ဦး တက်ရောက်ခဲ့ပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါနဲ့ နောင်ချို စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။