ဓာတ်ပုံ – SPM

ပို့လဘား၊ စက်တင်ဘာ ၂၁ ရက်၊ ကွတ်ခိုင်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆရာဝန်တစ်ဦးက အသက် ၁၄ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့ အမှတ် (၈) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေကွတ်ခိုင် အထူးကုဆေးခန်းက အသက် ‌၃၇ နှစ်ဝန်းကျင် ဒေါက်တာအောင်ဖြိုးနိုင်ဆိုသူက သူ့ရဲ့ အလုပ်သမားဖြစ်တဲ့ အဲဒီအမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာလည်း အဲဒီအမျိုးသမီးငယ်ကို အဆိုပါ ဆရာဝန်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိတဲ့ အမျိုးသမီးက ပြောပါတယ်။

“ပထမအကြိမ်တုန်းက ကလေးမလေး တစ်ယောက်ထဲ အ‌ဆောင်မှာ နေတဲ့အချိန်မှာ အဲဆရာက ဝင်းတံခါး ဖွင့်ခိုင်းပြီး အဲအဆောင်မှာ ပစ္စည်းလာသယ်တာတဲ့။ အဲက‌လေးမလေးက ပြောတယ်။ ဆရာရေ ဘာသယ်ကူပေးရမလဲဆိုပြီး သူက အဲကလေးမလေးကို တွန်းလှဲလိုက်ပြီး အဓမ္မပြုကျင့်လိုက်တယ်။ ဘယ်သူ့ကိုမှ မပြောနဲ့တဲ့။ ပြောရင် နင်ပဲအရှက်ကွဲမှာတဲ့။ ဒီလလည်း သူအဓမ္မပြုကျင့်ဖို့ လုပ်နေတဲ့အချိန်မှာ အဲကလေးမက ရုန်းပြီး ထွက်သွားတယ်”

ပြီးခဲ့တဲ့ မတ်လထဲမှာ နှစ်ကြိမ်၊ ဇွန်လထဲမှာ တစ်ကြိမ်နဲ့ ဇူလိုင်လထဲမှာ တစ်ကြိမ် အဆိုပါဆရာဝန်ရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရတာဖြစ်ပြီး ဆရာဝန်ဖြစ်သူက တခြားသူကို မပြောပြဖို့ အမျိုးသမီးငယ်ကို ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ အဲဒီအမျိုးသမီးငယ်ဟာ လုံခြုံရာကို ရောက်ရှိနေပြီး အဲဒီဆရာဝန်ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အဆိုပါ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူဖွင့်ထားတဲ့ ဆေးခန်းကိုလည်း ပိတ်စေချင်တယ်။ အခုက သူတို့ မပိတ်‌သေးဘူး။ အဲကလေးမလေးကလည်း သူ့ကို ထောင်ချဖို့ ရဲတွေဆီ ပြောတယ်။ သူ့အမေကျတော့ မချစေချင်ဘူးနဲ့ တူတယ်။ သူ့အမေကပြောသေးတယ်။ ထောင်ချရင်လည်း ဘာထူးမှာလည်းတဲ့။ ထောင်ချရင်လည်း ပိုက်ဆံရှိတော့ ပြန်လွတ်မှာပဲတဲ့။ သူ့အမေကို သူတို့ဘာတွေပြောထားမှန်း မသိဘူးလေ။ သူအဲဆေးခန်းမှာ ရောက်နေတာ သူ့အမေလည်း ဆေးသမားဖြစ်နေတော့ ပိုက်ဆံလိုချင်တဲ့ ပုံစံဖြစ်နေတာ”

အဲဒီအမျိုးသမီးငယ်ဟာ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စုထဲကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်ကတည်းက အဲဒီဆေးခန်းမှာ အိမ်သန့်ရှင်းရေးအကူအဖြစ် တစ်လကို ၂သိန်းခွဲဝန်းကျင်နဲ့ လာရောက်အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။